ခေတ်ပေါ်ကဗျာများ စုစည်းမှု
Sunday, January 27, 2013
Saturday, January 19, 2013
Sunday, January 13, 2013
စစ်ပွဲများ(၆)
လှည်းအစီး ၅၀၀ ကိုတစ်ကောင်တည်းနဲ့ဆွဲနိုင်တဲ့ ခွန်အား
ငါတို့မှာရှိတယ်။
ဖရုဿဝါစာတွေ မပြောပါနဲ့။
တိုင်းပြည်တစ်ပြည်ကို တိုင်းပြည်တစ်ပြည်ပေါ်ထပ်တင်နှိင်တဲ့
တစ်ယောက်ကို စစ်သည် ၁သိန်းနဲ့ညီမျှတဲ့အင်အား ငါတို့မှာရှိတယ်
သေနတ်တွေနဲ့ ချိန်မထားပါနဲ့။
ငါတို့မှာ
သမိုင်းရှိတယ်
သာသနာရှိတယ်
ဘယ်တော့မှ သုံးမကုန် ဖြုန်းမကုန်တဲ့ သယံဇာတတွေနဲ့
ယဉ်ကျေးမှုအမွေအနှစ်များစွာရှိတယ်။ ပြီးတော့
အချိန်မရွေး ထွန်းလွယ် ဖွားလွယ်တဲ့ ထွန်းကားတဲ့လူ့အရင်းအမြစ်တွေရှိတယ်။
ငါတို့မှာ ဆယ်သက် ဆပ်မကုန်တဲ့ဒဏ်ရာဒဏ်ချက်တွေရှိရင်တောင်
ငါတို့ရဲ့သွေးဆာမှုအစာအိမ်က ကျေလွယ် ပျောက်လွယ် ပျက်လွယ်။
အသံတွေ စစ်ချကြည့်ပါလား
စစ်မလိုဘဲ အချစ်လိုနေတဲ့ ရွှေတုံးရွှေခဲတွေ၊
ငရဲနဲ့ဖောင်းကားပြီး
လေခိုနေတဲ့ပေါင်မုန့်လို လူသေဆန်နေတဲ့ငါတို့ကိုတွေ့ရမယ်။
ဘယ်နေရာနင်းနင်း
သနားစရာ သေဆုံးသွားလေတဲ့ ဘိုးဘွားတွေရဲ့ ညည်းညူးသံတွေနဲ့
သနားစရာ ဆက်လက်ရှင်သန်နေရတဲ့ သား မြေး မြစ်တွေရဲ့ငိုသံတွေကို ကြားရမယ်။
ဂျပန်နဲ့ရတယ်
အင်္ဂလိပ်နဲ့ရတယ်
ဇာတ်တူသား မစားချင်တဲ့ ငါတို့ရဲ့ မီးရိုးဖလာစိတ်ကိုမှ
(ခင်ဗျားတို့)
အပျိုရည်ပျက်အောင် ၀ိုင်းဖျက်ခဲ့လေခြင်း ။ ။
ခရမ်းပြာထက်လူ

ချေဂွေဗားရား
လူတိုင်းသေရမယ်ဆိုတာသိပြီးသားမို့ ဘာဆန်းလို့တုန်း
ဘယ်လိုသေရမလဲဆိုတာသာ ဆန်းရတယ်။
မင်းတို့ငါ့ကိုသတ်ပစ်မယ်ဆိုတာ
တော်လှန်ရေးမစခင်ကတည်းက ငါသိခဲ့တာပဲ။
လူဆိုတာ ကျည်ဆံနဲ့မသေလည်း
နောက်တစ်နည်းနဲ့သေချာပေါက် သေရမှာ သေချာ။
ဥပမာ
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတုန်း
ခေါင်းပေါ်ပန်းအိုးတစ်အိုး ပြူတ်ကျလာပြီး သွေးအိုင်ထဲ နှင်းဆီတွေ ပွင့်ထွက်သွားသလိုပေါ့။
ဥပမာ
ပင်လယ်ရဲ့ ညနေဆည်းဆာကိုထိုင်မျှားနေရင်း
ဧရာမလှိုင်းလုံးကြီးရဲ့ ခုန်အုပ်စားသောက်ခြင်းကိုခံလိုက်ရတဲ့ လူအုပ်ကြီးလိုပေါ့။
ဥပမာ
ဒဏ်ခတ်ခံထားရတဲ့ဒဏ်ရာတွေ ဒဏ်ခံကြိုးတစ်ချောင်းဆီကပြတ်ထွက်
ညဘက် ဒေတာတစ်ခုလုံး နံရံတစ်ခုထဲပြေးဝင် ပြဲထွက်သွားသလိုပေါ့။
ရပါတယ်။
မရတာက
ခင်းဗျားတို့ဘက်ကအော်သံတွေက
ကျုပ်လက်ထဲကဆေးထိုးအပ်ကို လွတ်ကျစေခဲ့တာပဲ။
ဒါကြောင့်
ကြံခင်းတွေထဲမှာ ဆေးပြင်းလိပ်ကြီးခဲပြီး
အရုဏ်ဦးကိုဆွဲဖွင့်နေသူ ကိုယ့်လူကြီးဆီကျုပ်သွားခဲ့ရတာပေါ့။
လူဆိုတာ လူကိုကာကွယ်ရမယ်။
ဒီ့အတွက် ကျုပ်မှာ နိုင်ငံမရှိ။
ဒီ့အတွက် ကျုပ်မှာသက်သေခံအထောက်အထား အိမ်ထောင်စုဇယားမရှိ။
ဒီ့အတွက် ကျုပ်မှာ ကျုပ်မရှိ။
ဒီ့နောက်မှာ ကျုပ်ဦးထုပ် ခင်ဗျားတို့ခေါင်းပေါ်ရောက်နေမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ကျုပ်အလောင်း ခင်ဗျားတို့ပြတိုက်ထဲရောက်သွားမှာကို ကျုပ်မသိ။
ဒီ့နောက်မှာ ဒီနာမည် ဟာ တော်လှန်ရေးရဲ့သင်္ကေတတစ်ခုဖြစ်သွားမှာကို ကျုပ်မသိ။
လူငယ်တို့
အရေပြားပေါ် ကျုပ်အရုပ်ကို လှီးထည့်ထားရုံနဲ့ တော်လှန်ရေးကအဆုံးမသတ်နိုင်ဘူး။
မတရားမှုဟာ
တစ်ချက်ခြင်းသွားနေတဲ့ နာရီတစ်လုံးထဲက စက္ကန့်တံတစ်ချောင်းလိုပဲ
အကြီးမားဆုံးခရီးသွားတစ်ဦးအဖြစ် ကမ္ဘာထဲ ဆက် သွာနေလိမ့်ဦးမယ်။
သတိမရှိရင် သေမယ်။
သတိရှိရင် ရှင်မယ်။ သတိရှိကြ။
ကျုပ်ဇနီး အလိုင်ဒါ ကိုလည်းပြောလိုက်
ကလေးတွေကို ပညာတတ်အောင်သင်
သူလည်း နောက်အိမ်ထောင်ပြုလိုက်လို့။
ကဲ တစ်ချက်တည်းနဲ့ကြွင်းဝင်အောင် စိမ်တတ်သူကြီးတို့
တစ်ချက်တည်းနဲ့ ငါ့ကိုရအောင်ယူလိုက်တော့။
အဲ့ဒီလို ကျုပ်သူတို့ကို အော်ပြောလိုက်တဲ့ အသံဟာ
ခင်ဗျားတို့ရှေ့မှာ ဒီနေ့အထိ ပြန့်ကျဲ နေဆဲလေ၊ မဟုတ်ဘူးလား သေနတ်သံတွေအဖြစ်နဲ့။ ။
ခရမ်းပြာထက်လူ
Saturday, January 12, 2013
Subscribe to:
Posts (Atom)