Saturday, January 12, 2013

နွယ်စိမ်းဝေကိုတက်မောင်းသွားတဲ့ကား


အရင်ဆုံး
စိတ်ကိုဖရီးထား
စက်နှိုး
ဖြည်းဖြည်းလေး
မှန်မှန်လေး
စထွက်
ဂီယာနံပါတ် (၁)နဲ့

တရိပ်ရိပ်
တပတ်ချင်း
အရှိန်တက်လာ
ရှေ့ကိုတည့်တည့်ကြည့်
ဂီယာနံပါတ် (၂) နဲ့

လက်ဝဲ၊ လက်ယာ
ရှေ့ကား၊ နောက်ကား
ယာဉ်ကြောရှင်းရဲ့လား
အိုကေ
ဂီယာနံပါတ် (၃) (၄) (၅)

သတိထား
ကိုယ့်ဂိုးကိုယ်ပြန်မ၀င်အောင် သတိထား
ဘရိဒ် မီးလင်းရဲ့လား
စီယာတိုင်ငြိမ်ရဲ့လား

အာရုံမများနဲ့
အရှိန်ယူထား
တောင်ပေါ်တက်မယ်
အရှိန်လျော့ထား
အကွေ့ရှိတယ်

တစ်ဂါလံ - မိုင်ဘယ်လောက်
တစ်နာရီ - မိုင်ဘယ်လောက်
ခေါင်းမထုတ်နဲ့
နောက်ကားကျော်မယ်။

ခေတ်အဆက်ဆက်
လမ်းစည်းကမ်းမှာ
ကဗျာဆိုတာ
လွတ်လပ်စွာရေးခွင့်ရှိတယ်။

ကိုယ့်တာဝန်ကိုယ်ယူ
ကိုယ့်စပိဒ် ကိုယ်နိုင်
ပြီးတော့မှ
ဘယ်ခြေထောက်မှ သွားမကိုင်နဲ့။    ။

                                နွယ်စိမ်းဝေ

No comments:

Post a Comment