Saturday, January 12, 2013

သစ်ခွ (သို့) ပုန်းနေတဲ့မွှေးရနံ့


သူ့နှုတ်ခမ်းက
မေတ္တာမဲ့သူ နမ်းခွင့်မရှိတဲ့နှုတ်ခမ်း
သူ့လမ်းက
သစ္စာမဲ့သူ လှမ်းခွင့်မရတဲ့လမ်း

တစ်ယောက်လည်ပင်း တစ်ယောက်နင်းကြ
တစ်ယောက်သွေး တစ်ယောက်စုပ်ကြ
တစ်ယောက်အတင်း တစ်ယောက်အုပ်ကြ

ခေါ်၍မထူး
အူ၍မကြား
ငို၍မှ မျက်ရည်မကျတဲ့လောကထဲ

သူရနံ့လေးက
လူတွေကို ကြောက်လို့ပုန်းနေရတဲ့ ရနံ့လေး

တွေ့မြင်ချင်ရင်
စိတ်ကောင်းမွေးရမယ်။     ။

                        နွယ်စိမ်းဝေ
                        ကလျာမဂ္ဂဇင်း

No comments:

Post a Comment